Home >> လူကြိုက်များသည့် စာအုပ်များ >> ဖြူအောင်စိတ်ကိုထား (Keep Mind Pure)
စာအုပ်အမည် - ဖြူအောင်စိတ်ကိုထား (Keep Mind Pure)
စာရေးသူ - ပြည့်စုံ (တောင်ငူ)
စာမျက်နှာ - 111
တန်ဖိုး - 7,000 Ks
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

တကယ်တော့ လက်တွေ့ဘဝမှာ စိတ်ကောင်း၊ နှလုံးကောင်းနဲ့ ရှင်သန်နေထိုင်တတ်ဖို့ရာ အင်မတန်မှ ခက်ခဲလွန်းလှပါတယ်။ အထူးသဖြင့် မကောင်းတဲ့ရပ်ဝန်းမှာ ရှင်သန်နေရတဲ့ အခြေအနေမျိုးမှာပေါ့။ ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းချင်တယ်ဆိုရင် ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ကောင်းမွန်လာအောင် ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှ ရုန်းကန်ရှင်သန်နေကြရတဲ့ ဘဝတိုတိုလေး အတွင်းမှာ -
× မေတ္တာစိတ်ဆိုတာ ဘယ်လိုစိတ်ထားမျိုးလဲ…
× ရောင့်ရဲတတ်တဲ့စိတ်ဟာ ဘယ်လောက်ချမ်းသာသလဲ…
× သည်းခံတတ်တဲ့ စိတ်ကို ဘယ်အခြေအနေမျိုးမှာ ထားသင့်သလဲ…
× စွန့်လွှတ်တတ်တဲ့စိတ်ဟာ ဘယ်လောက်အေးချမ်းသလဲ…
စတဲ့ စိတ်ထားလေးတွေကို လူငယ်တွေ သိရှိနားလည်ပြီး ဒီလိုစိတ်ကောင်းမျိုးလေးတွေနဲ့ ရှင်သန်နေထိုင်တတ်လာအောင် ဘာသာရေးရှုထောင့်ကနေ လက်တွေ့ကျကျ ရေးဖွဲ့ပေးထားတဲ့ စာအုပ်လေးတစ်အုပ်ပဲ ဖြစ်ပါတယ်။