


စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21 cm
ပထမအကြိမ်
"လွဲနေတယ်ဆိုတာသေချာပြီလား" ဆိုတဲ့ စာအုပ်လေးထဲမှာ …
💜 အတွေး တွေးတတ်ဖို့နဲ့
💜 စိတ်ခွန်အားတွေကို ဘယ်လိုတည်ဆောက်ရယူရမလဲ ဆိုပြီး အပိုင်း (၂) ပိုင်းခွဲကာ ရေးသားထားတာ ဖြစ်ပါတယ်။
အပိုင်း (၁) မှာ လူငယ်တွေရဲ့ အတွေးထဲမှာ ဆုနဲ့ပတ်သက်ပြီး ခံစားရတဲ့ ခံစားမှုတွေအပေါ် တစ်ဘ၀လုံး မခံစားဖို့၊ ဆုမရတာဟာ ညံ့လို့မဟုတ်ဘူးဆိုတာကို တွေးတတ်ဖို့ စသဖြင့် စာစုလေးတွေ ရေးဖွဲ့ထားပါတယ်။
အပိုင်း (၂ ) မှာ လူငယ်တွေအနေနဲ့ စိတ်ခွန်အားတွေ ဖြစ်စေဖို့ ဘယ်လိုအကြောင်းအရာတွေကို ကိုယ့်စိတ်မှာ စွဲမှတ်နာယူ ရမလဲဆိုတာမျိုးကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
အထူးသဖြင့် လူငယ်တွေရဲ့ဘ၀ တိုးတက်ရေးအတွက် အတွေးကောင်းဖို့ လိုအပ်ပါတယ်။ စိတ်ခွန်အားတွေလည်း ပြည့်နေဖို့ အရေးကြီးပါတယ်။ တက်လမ်းရှာဖွေနေတဲ့ လူငယ်တွေအတွက် "လွဲနေတယ်ဆိုတာ သေချာပြီလား" ဆိုတဲ့ စာအုပ်လေးက တစ်ခုခုတော့ အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ အနည်းငယ် ယုံကြည်မိပါတယ်။