Home >> လူကြိုက်များသည့် စာအုပ်များ >> အနာဂတ်လှတဲ့ လူငယ်
စာအုပ်အမည် - အနာဂတ်လှတဲ့ လူငယ်
စာရေးသူ - ထူးမြတ်
စာမျက်နှာ - 119
တန်ဖိုး - 7,000 Ks
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

"အနာဂတ်လှတဲ့ လူငယ်" ဆိုတဲ့ ဒီစာအုပ်လေးက လူငယ်တွေအတွက် အကြံပြုချက် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ အနာဂတ်လှတဲ့ လူငယ်တွေဖြစ်ဖို့ ဘဝမှာ ဘာတွေကိုတော့ လုပ်ဆောင်သင့်တယ်၊ ဘယ်အရာတွေကိုတော့ ရှောင်ကြဉ်သင့်တယ်ဆိုတာ အကြုံပြုရေးသားထားပါတယ်။

    လူငယ်တစ်ယောက်မှာ လှပကောင်းမွန်တဲ့ အနာဂတ်ပန်းတိုင် ရှိသင့်ပါတယ်။ အနာဂတ်ရှိတဲ့ဘဝက သိပ်ကို အဓိပ္ပာယ်ရှိပါတယ်။ အနာဂတ် မရှိတဲ့ဘဝက မျှော်လင့်ချက်မရှိသလို ရှင်သန်ခြင်းက အဓိပ္ပာယ်မဲ့နေတတ်ပါတယ်။ ဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ အနာဂတ်ပန်းတိုင် ရှိမှသာ ဘဝရဲ့ ရှင်သန်ခြင်းက ပိုပြီး အဓိပ္ပာယ်ရှိစေတယ်။ ဘဝပင်လယ်ပြင်မှာ သေချာခိုင်မာတဲ့ ဦးတည်ချက်ပန်းတိုင် မရှိတဲ့အခါ မိမိရဲ့ အနာဂတ်လှေငယ်က မျောလွင့်ချင်ရာကို လွင့်မျောနေလိမ့်မယ်။ မိမိ ဘယ်ရောက်ချင်မှန်း သေချာမသိတဲ့အခါ မိမိ ဘယ်ရောက်နေမှန်းမသိ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ဘဝပင်လယ်ပြင်မှာ ဖြတ်သန်းကြမယ့် လူငယ်တွေအတွက် ဒီစာအုပ်လေးက လမ်းမှားမရောက်စေဖို့နဲ့ အနာဂတ်ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ တစ်ထောင့်တစ်နေရာကနေ ကူညီပေးမယ့် လမ်းညွှန်ဆိုင်းဘုတ်လေးပမာ ဖြစ်ပါလိမ့်မယ်။