စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21 cm
ပထမအကြိမ်
တရားလွှတ်တော်ရှေ့နေသက်တမ်း ၃၅ နှစ်အတွင်း ကိုယ်တိုင် လိုက်ပါဆောင်ရွက်ခဲ့ရသည့် ရာဇဝတ်မှုခင်းများ၊ တရားကြီးမှုများအား အခြေခံ၍ 'ရာဇဝတ်ဆိုင်ရာ မှုခင်းများ'၊ 'တရားမကြီးမှုများ' ဟူ၍ နှစ်ပိုင်းခွဲကာ ရေးသားတင်ပြထားပါသည်။
ရာဇဝတ်ဆိုင်ရာ မှုခင်းများအပိုင်းတွင် လူသတ်မှု၊ လူသေမှု၊ လုယက်မှု၊ ဓားပြမှု စသည့် ပြစ်မှုကြီးများကို သက်ဆိုင်ရာ ဥပဒေ ပုဒ်မ၊ ပြဌာန်းချက်၊ ကင်းလွတ်ချက်၊ စီရင်ထုံးများဖြင့် ဝေေ၀ဆာဆာ ဖော်ပြထားရာ လိုအပ်လျှင် လိုအပ်သလို အသုံးချနိုင်ရန် 'အသင့်စား ဥပဒေ ဟင်းလေးအိုးငယ်' ဖြစ်ပါသည်။
တရားမကြီးမှုများအပိုင်းတွင် အဆိုလွှာ ရေးသားရာတွင် မလွဲမသွေ ပါဝင်ရမည့်အချက်များ၊ တရားမ မှုခင်းဆိုင်ရာ အရေးပါသော စီရင်ထုံးများ၊ အဆိုလွှာ နမူနာပုံစံ၊ သီးခြားသက်သာခွင့် အက် ဥပဒေ ပုဒ်မ-၉ အရ စွဲဆိုသည့် အဆိုလွှာပုံစံ၊ ရုံးခွန်၊ ကာလစည်းကမ်း သတ်၊ စီရင်ပိုင်ခွင့်အာဏာ၊ အမှုတန်ဖိုးသတ်မှတ်ပုံ စသည်အတွက် စီရင်ထုံး လမ်းညွှန်ချက်များဖြင့် စုံလင်စွာ ရေးသားဖော်ပြထားပါ သည်။
ဤစာအုပ်ကို လက်ကိုင်ပြု၍ ဉာဏ်ပညာ၊ ဝီရိယ ထုံမွှမ်းမည်ဆိုပါက ခေါင်းပေါင်းစ တလူလူနှင့် အောင်မြင်သော ရှေ့နေကောင်း ဖြစ်ရမည်မှာ မလွဲပါ။