ယခုစာအုပ်လေးထဲတွင် လူငယ်များအတွက် ခွန်အားဖြစ်စေရန်၊ ရည်မှန်းချက် ခိုင်မာပြတ်သားစေရန်၊ ဝါသနာနှင့် ဝမ်းရေးကို ချိန်ညှိတတ်စေရန်၊ ကိုယ်လျှောက်မည့်လမ်းကို မှန်ကန်စွာရွေးချယ်တတ်စေရန်၊ ထိုလမ်းအတွက် ဇွဲရှိစေရန်၊ လမ်းမှားများကို မလျှောက်မိစေရန် စသော အကြောင်းအရာများ ပါရှိလေသည်။ စာအုပ်၏ နေရာတစ်ခုတွင် စာရေးသူက အောက်ပါတိုင်း ညွှန်းဆိုဖော်ပြထား၏။ ယင်းမှာ …..
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရင် ဘာအလုပ်မှ လုပ်မနေပါနဲ့။ လုပ်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
ကိုယ်ဖြစ်ချင်တာတွေကို ပါးစပ်ကနေ ပြောနေရုံနဲ့ မရဘူး။ ယုံကြည်မှုရှိရှိနဲ့ လက်တွေ့ကျကျ အကောင်ထည် ဖော်ရတယ်။ သူ့အလိုလို ဖြစ်လာလိမ့်မယ်လို ထင်နေရင်တော့ အိပ်မက်တွေဟာ အိပ်မက်အဖြစ်နဲ့ပဲ ပြီးဆုံးသွားလိမ့်မယ်။
ကံကောင်းမဲ့အချိန်ကို ထိုင်စောင့်နေရင်တော့ အသက်တွေ ကြီးသွားလိမ့်မည်။ ကံတော့ ကောင်းလာ၊ မလား …..