Home >> လူကြိုက်များသည့် စာအုပ်များ >> အုပ်ချုပ်ရေးဟူသည်
စာအုပ်အမည် - အုပ်ချုပ်ရေးဟူသည်
စာရေးသူ - တင့်နိုင်မြင့် (G.A)
စာမျက်နှာ - 223
တန်ဖိုး - 10,000 Ks
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

  • ‘အုပ်ချုပ်ရေးဟူသည်”စာအုပ်ကို လေ့လာဖတ်ရှုခြင်းဖြင့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို သိခွင့်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် GA ၏ အုပ်ချုပ်ရေးအဆင့်ဆင့် ပြောင်းလဲလာပုံနှင့် GA ပါဝင်ရသည့် အခန်းကဏ္ဍများကို ပြည့်ပြည့်စုံစုံ တင်ပြထားသဖြင့် ဗဟုသုတလည်း တိုပွားပါလိမ့်မည်။
  • ဒီစာအုပ်တွင် အုပ်ချုပ်ရေးသည် သိမ်မွေ့နက်နဲ ကျယ်ပြန့်ပုံ၊ အုပ်ချုပ်ရေးမဏ္ဍိုင် (Steel Frame of Administration) ခိုင်မြဲစေရန်အတွက် GA ဝန်ထမ်းများက အဓိက ယန္တရား၏ မောင်းနှင်ရေးဖြစ်ကြောင်း အလင်းရောင်ပေးထားပါသည်။
  • မြန်မာနိုင်ငံ အုပ်ချုပ်ရေး နယ်မြေဖွဲ့စည်းမှု၊ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး နယ်မြေဖွဲ့စည်းမှု၊ ဂျပန်ခေတ် အုပ်ချုပ်ရေး နယ်မြေဖွဲ့စည်းမှုမှ ၁၉၄၈ ခုနှစ်မှ ယနေ့ထိ အစိုးရအဆက်ဆက် အုပ်ချုပ်ရေး နယ်မြေဖွဲ့စည်းမှုတို့ကို လေ့လာခွင့်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကဏ္ဍ အဆင့်ဆင့်ပြောင်းလဲလာပုံတို့ကိုလည်း တစ်ဆက်တည်း သိခွင့်ရမည် ဖြစ်ပါသည်။
  • အစိုးရအဖွဲ့၊ ဖွဲ့စည်းပုံအမျိုးမျိုး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေး − တရားရေး − ဥပဒေ – လွှတ်တော် – ရွေးကောက်ပွဲလုပ်ငန်းများ ဆက်စပ်နေပုံတို့ကိုလည်း ဖော်ပြထားသည်ဖြစ်ရာ GA မျိုးဆက်သစ်တို့ အထူးလေ့လာသင့်သော စာအုပ်တစ်အုပ်ဟု ဆိုရမည်ဖြစ်ပါသည်။ အုပ်ချုပ်ရေးနှင့် စီးပွားရေး – လူမှုရေး – အထွေထွေကဏ္ဍတို့ ဆက်စပ်ပုံတို့အပြင် နိုင်ငံဝန်ထမ်း - ပြည်သူဝန်ထမ်း - အစိုးရဝန်ထမ်း - ပဋိညဉ်ခံဝန်ထမ်း – I.C.S – B.C.S ဖြစ်တည်ပုံတို့ကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုထားသော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။